သင်သွားချင်တဲ့နေရာကိုခေါ်ဆောင်သွားပေးမယ့်...

သင်၏နိုင်ငံ၊ လုပ်ငန်း သို့မဟုတ် ပရဝဏ်အတွင်းတွင် ဆင်ဆာဖြတ်ထားခံနေရပါသလား။

ကမ္ဘာအနှံ့အပြားရှိ ဖိနှိပ်အုပ်ချုပ်မှုပုံစံများကို အတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုသည် သင့်အား မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လိုချင်သည့်အကြောင်းအရာကို ရရှိနိုင်ရန်အတွက် ကူညီရန် အသင့်တော်ဆုံးသူများ ဖြစ်သည်။

Psiphon မည်ကဲ့သို့အလုပ်လုပ်သနည်း »

...ပြီးလျှင် ထိုနေရာသို့လုံခြုံစွာခေါ်ဆောင်သွားပါမည်။

အများသုံး WiFi အသုံးပြုနေစဥ်အတွင်း အင်တာနက်ကို လုံခြုံစွာ ကြည့်ရှုအသုံးပြုလိုပါသလား

လွတ်လပ်သော အင်တာနက်သည် ကောင်းပါသည် သို့သော် ကွတ်ကီးများနှင့် အကောင့်များအခိုးခံရခြင်းသည် မကောင်းပါ။ Psiphon သည် သင်မည်သည့်ကွန်ယက်ဖြင့်ချိတ်ဆက်နေသည်ဖြစ်စေ အင်တာနက်အသုံးပြုရန်အတွက် လုံခြုံသည့်လမ်းကြောင်းကို ပေးသည်။

How do I know I can trust Psiphon? »

ယုံကြည်မှု၊ မြန်နှုန်း၊ ရိုးရှင်းမှု : သုံးခုရွေးပါ

၂၀၀၈ ခုနှစ်မှစတင်၍ Psiphon သည် လွတ်လပ်မှုကိုအကန့်အသတ်ခံနေရသော ကမ္ဘာ့နိုင်ငံများစွာမှ သန်းပေါင်းများစွာသောလူများ ဆင်ဆာဖြတ်တောက်ခြင်းခံထားရသော ပညာဗဟုသုတနှင့် စိတ်ကူးစိတ်သန်းများကို လုံခြုံမှုရှိစွာ ရယူနိုင်ရန်အတွက် ကူညီပေးခဲ့သည်။ ယခု Psiphon သည် သင့်အတွက်လည်း ထို့နည်းတူစွာ ကူညီပေးနိုင်ပါသည်။

Psiphon ဒေါင်းလုပ်လုပ်ရန် »

Psiphon ဆိုတာဘာလဲ။

Psiphon သည် Psiphon Inc.မှ ထုတ်လုပ်ထားသော VPN၊ SSH နှင့် HTTP ကြားခံ နည်းပညာများအား အသုံးချ၍ ဆင်ဆာဖြတ်တောက်ထားသော အင်တာနက်ပေါ်ရှိအကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်စေရန် ကျော်လွှားပေးနိုင်သည့် ကိရိယာတစ်ခု ဖြစ်သည်။ သင်၏ Psiphon သည် သုံးခွင့်နေရာအသစ်များကို အလိုအလျောက် ရှာလျက် ဆင်ဆာ ကျော်လွှားမှုကို အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် တိုးမြှင့်ပေးသည်။

ကျွနု်ပ်တို့အကြောင်း »